မှိုင်းဝေပါ
မတတ်တခေါက်ပညာလေးနဲ့သဘာဝပတ်ဝန်းကျင်နဲ့ လူသားတို့ဆက်နွယ်နေတဲ့အကြောင်းလေးကိုတင်ပြပါရစေကျနော်တို့တတွေဟာ မိမိအသက်ရှင်သန်နေထိုင်စားသောက်ဖိုနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့သဘာဝကရရှိလာတဲ့ အရာအားလုံးကိုမှီခိုပြီ နေထိုင်ကြတယ်ဆိုရင် မမှားပါဘူး။ တကယ်တမ်းတော့ ကျနော်တို့ နေ့တိုင်းရှုရှိုက်လိုက်တဲ့ အောက်ဆီဂျင်တွေဟာ သစ်ပင်ပန်းမန်တွေကတဆင့်ရရှိပြီး ကျနော်တို့မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သစ်ပင်ရဲသစ်ရွက်တွေက တဆင့် ပြန်လည်ချေဖျက်ပေးပါတယ်။
ဒီလှုပ်ရှားမှုတစ်ခုကို ကြည့်မယ်ဆိုရင် ကမ္ဘာကြီးပူနွေလာခြင်းကိုကာကွယ်ပေးပါတယ် ကျနော်တို့ ယခုလက်ရှိနေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်ကြီးဟာ ကျနော်တို့လူသားတွေကြောင့်ပျက်ဆီးနေပါပြီ ဒီပျက်ဆီးမှုတွေကို အချိန်မီ မပြုပြင်နိုင်ခဲ့ရင် များစွာသောပြသနာများကို ကျနော်တို့ နောင်တချိန်တွင်မှာမဟုတ်ပါဘူး အခုလက်ရှိပစ္စုပ္ပန်မှာရော နောင်အနာဂတ်အတွက်ပါ ဆိုးကျိုးများစွာ ဖြစ်လာနိုင်ပါတယ်။ အခုချိန်မှာ နိုင်ငံတော်တော်များများက ရေကာတာကို ခေတ်စားလာကြတာတွေ့ရတယ် အဲဒီအထဲမှာကျနော်တို့မြန်မာစစ်အစိုးရတွေလည်းပါတာပေါ့ဗျာ သူတို့ကတွေလည်း မျက်စီအာရုံတင်မကတော့ဘူး သဘောကျပြီး လက်လွန်ခြေလွန်တွေဖြစ်ကြပြီ ထားပါတော့လေ သူ့တို့အကြောင်းပြောရရင် မကုန်နိုင်တော့ဘူး။
လူ့လောဘသား တွေကြောင့် မဖြစ်သင့်တာတွေ မဆုံးရှုံးသင့်တာတွေ ကျနော်တို့ဆုံးရှုံးရတယ်။ ဥပမာ နာဂစ်တို့၊ ငလျှင်လှုပ်တာတို့၊ မုန်းတိုင်းကျတာတို့ဟာ ယေဘုယျအားဖြင့် သဘာဝဘေးအန္တာရာယ်ဆိုတာ မှန်ပေမယ့် သစ်တောပြုံးတီးမှု၊ အရာသီဥတုဖောက်ပြန်မှု Ozoneလွှာနဲ့ကမ္ဘာကြီး ပူနွေးလာမှုတွေကြောင့်ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ နေ့စဉ်နေ့တိုင်း သုံးစွဲနေတဲ့ကားတို့ ဆိုင်ကယ်တို့ စသဖြင့် ဓါတ်ဆီနဲ့သဘ၀ဓါတ်ငွေ့တွေကို သုံးတဲ့ စက်တပ်ယာဉ်မှန်သမျှထဲက ထုတ်လွင့်လိုက်တဲ့ မီးခိုးငွေ့(ကာဗွန်ဒိုင်အောက်ဆိုက်)တွေဟာ ကမ္ဘာကြီးပူတွေလာမှုကို ဖြစ်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင် နဲ့ ရာသီဥတုကိုပါ ပြောင်းလဲစေပါတယ် နောက်ပြီးတော့ ရေကာတာတည်ဆောက်မှုကိုကြည့်မလား သဘာဝဓါတ်ငွေ့တွေကိုဖော်ထုတ်တဲ့ အခါမှာကြည့်မလား ကျောက်မီးသွေးကိုထုတ်သုံးတဲ့နေရာမှာကြည့်မလား ပြသနာတွေဟာကြုံတွေ့နေရဆဲပါပဲ ဒီကိစ္စတွေဟာနေရာအနှံ
အပြားမှာ ဖြစ်နေဆဲဆိုတာကိုလည်း တွေ့မြင်နေရပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့တွေပြသနာကိုထုတ်ဖော်နေရုံနဲ့ပြောနေရုံနဲ့ဘယ်တော့မှမပြီးပါဘူး ရှေ့ဆက် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်သွားနိုင်ဖို့ဘာတွေလုပ်ကြမလဲဆိုတာကို သင့်မှာအမြဲတမ်းအသင့်ရှိနေပါစေလို့ လေးစားစွာဖြင့် တိုက်တွန်းလိုပါတယ်
လေးစားလျှက်
မှိုင်း